Posts

Showing posts from October, 2017

စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

Image
စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ သဘာဝ ပတ်ဝန်းကျင် အတွက် အကျိုးရှိရုံသာမက သင့် ကျန်းမာရေး ကိုပါ အထောက်အကူပြုတဲ့အပြင် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ ကယ်လိုရီ တွေကို လောင်ကျွမ်းစေတယ် စက်ဘီးစီး ခြင်း ဟာ ကယ်လိုရီ များစွာ လောင်ကျွမ်းစေပါတယ်။ကိုယ်အလေးချိန် ၁၅၅ပေါင်လောက်ရှိသူတယောက်အနေနဲ့ ပုံမှန်အရှိန်နဲ့ နာရီဝက်လောက် စက်ဘီးစီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ၂၆၀ ကယ်လိုရီ လောက် လောင်ကျွမ်းစေပါတယ်။ အကယ်၍ သင့် ကိုယ်အလေးချိန် ပိုများရင် ဒါမှမဟုတ် အရှိန်ပြင်းပြင်းနဲ့ ပိုပြီးအားစိုက်နင်းရင် ကယ်လိုရီ ပမာဏ ပိုလို့တောင် လောင်ကျွမ်းပါလိမ့်ဦးမယ်။ အဆစ်အမြစ် ထိခိုက်မှု ကို နည်းစေမယ် ရွရွပြေးတာ၊ဘောလုံးကန်တာအပါအဝင် ကိုယ်လက်လှုပ်ရှား အားကစား အများအပြားဟာ အဆစ်အမြစ် တွေကို ထိခိုက်စေနိုင်ပါတယ်။ဒါပေမယ့် စက်ဘီးစီး လေ့ကျင့်ခန်း လုပ်တာဟာ အဆစ်အမြစ်တွေအပေါ် ပြင်းပြင်းထန်ထန် မထိခိုက်စေ၊အားမစိုက်ရစေဘဲ နှလုံး ညှစ်အား ကို ပိုမိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ Cleveland Clinic ရဲ့ အဆိုအရ ပုံမှန်ရှိရမယ့် ကိုယ်အေ...

မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ် လျှော်သင့်လဲ

Image
မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ်လျှော်သင့်လဲ ================================================== ကျွန်မကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ် မတ်ဆေ့ခ်ျ(Facebook message/messenger) မှနေပြီး စာဖတ်ပရိတ်သတ် များက သူတို့ သိလိုသော မေးခွန်းလေးတွေကို မေးလာကြပါတယ်။ ကျွန်မက ပြန်ဖြေပေးရင်း တခြားတခြားသော စာဖတ် ပရိတ်များ အားလုံးကိုလည်း ကျန်းမာသုတရစေလိုသော စိတ်စေတနာဖြင့် “ FB messenger မှ ကျန်းမာရေး အမေးအဖြေ ကဏ္ဍလေးများ ” အဖြစ် မျှဝေ ဖေါ်ပြပေးလိုက်ရပါတယ်ရှင့်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့ နယ်တွင် နေထိုင်သော မနှင်းပွင့် (အသက် ၂၆ နှစ်) က " အန်တီ မင်္ဂလာပါ။ အန်တီ က ဆောင်းပါးတွေရေးတော့ သမီး မသိတာလေးတွေ မေးချင်လို့ဖြေပေးပါ။ သမီးက ဆံပင်ကောင်းတယ် ရှည်တယ်။ အစကတော့ တစ်ပတ် တစ်ခါ လျှော်ဖြစ်တယ်။ အခုတော့ဆံပင်လည်း သိပ်မရှည်တော့ဘူး။ မိန်းကလေးတစ်ယောက် အနေနဲ့ တစ်ပတ်ကို ခေါင်း ဘယ်နှစ်ခါလောက် လျှော်သင့်လဲ။ သမီးက အအေး ခဏ ခဏ ပက်တတ်တယ်။ တစ်ပတ် တစ်ခါ ကျတော့လည်း ခေါင်းဇက်ကြောနေရာက အကြောထိုးလို့ ကျေးဇူးပြုပြီး ဖြေပေးပါနော် ” တဲ့။ မင်္ဂလာပါကွယ်။ တကိုယ်ရည်သန့် ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်...

မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

Image
မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက် ————– ၁.​သွေးကင်​ဆာ ၂.အသဲ ​ရောဂါ ၃.​ကျောက်​ကပ် ​​ရောဂါ ၄.ဆီး​ကျောက်​တည်​ ​ရောဂါ ၅.နှလုံး​သွေး​ကြောကျဉ်း ​ရောဂါ ၆.အ​မောအပန်း အဆုတ် ​​ရောဂါ ၇.​ဖောခြင်း ​ရောင်​ခြင်း​ရောဂါ ၈.ရင်​သားကင်​ဆာ ​ရောဂါ ၉.အရက်​​ကြောင်​ ​ဆေး​ကြောင်​ ​ရောဂါ စတဲ့ ရောဂါ များအတွက်​ လက်​​တွေ့ ​ပျောက်​ကင်း​သော နွယ်​မြက်​သစ်​ပင်​​ ဆေးနည်းများ ရှိပါသည်​။ ကျောက်ကပ် ရောင် ကျောက်တည် ဝေဒနာရှင်များအတွက် ဆေးနည်းလယ်ကန်စွန်းရိုးနီ ၁၅ ကျပ်သား၊ ထန်ဖိုဦးထန်းလျက် ၁၀ ကျပ်သားကို ရေ သုံးလီတာနဲ့ ရောကျိုပါ။ ကျိုတဲ့အခါ ပထမ ထန်းလျက်ခဲကို ရေတစ်လီတာနဲ့ ပျော်သွားအောင် ကျိုပါ။ ထန်းလျက်ခဲ ပျော်သွားရင် အမှိုက် ခဲ သဲ တွေကို စစ်ထုတ်ပစ်ပါ။ ထို စစ်ထုတ်ပြီးသား ထန်းလျက်ရေကို ဒန်အိုးထဲပြန်ထည့်ပြီးထန်းလျက်ရေ တက်လာတဲ့နေရာကို မှတ်ထားပြီး ကန်စွန်းရွက်ရိုးနီကို ခွေထည့်ပါ။ ပြီးတော့ ရေနှစ်လီတာ ထည့်ပါ။ ခရီးဆောင် တစ်ယောက်သုံး ရေသန့်ဘူးနဲ့ ခြင်ထည့်ရင် ရပါတယ်။ ပုံမှန် ကိုယ့်ဒေသမှာ သုံးစွဲတဲ့ရေက မငန်ရင် သုံးလို့ရပါတယ်။ ပုံမှန် မီးတောက် နဲ့ ကျိုပါ။ သုံးမိနစ်ရှိရင်အဖုံးဖွင်ြ့ပီးကျိုပါ။ ပထမ စကျိုတုန်းက မှတ်ထားတဲ့နေရာ ရေကျန်ပြီဆိ...

အဆီပြန်သော မျက်နှာ ကို ဘယ်လို ထိန်းသိမ်းမလဲ

Image
မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ၀က်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေ ကို အဖုအပိမ့်တွေ ထွက်စေပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။ ၁။ သန့်စင်ပေးပါ။ အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာ ကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။ အဆီ မပါဝင်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါဝင် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါဝင်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey. ၂။ ဂျီးချွတ် ပေးပါ။ ဂျီးချွတ် ပေးတာက အဆီပြန်တဲ့ မျက်နှာ အတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ မျက်နှာ ပေါ်က အဆီပိုတွေက အရေပြား ...

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း

Image
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ ÷÷÷ အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ÷÷÷ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ÷÷÷ အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ...

ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါသင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..

Image
“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့” ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ.. သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ.. သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ.. သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့.. သင့်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ.. သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး.. ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှမလိမ်ပါနဲ့.. အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ.. သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ.. သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ.. သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ.. သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ.. ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့မိတ်ဆက်ေ...

ခြေညှိုးက ခြေမထက် ရှည်နေတဲ့ ချစ်သူကို ရထားရင် ဒါတွေသိထားဖို့ အရေးကြီးတယ်နော်..။

Image
  ၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။ ၂။ အငြိုးကြီးတယ် ရန်ငြိုးထားတတ်တယ်။ ၃။ ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်။ ၄။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။ ၅။ စကားပြောတည်တယ် ခင်သွားရင်ပေါတောတောလုပ်တတ်တယ်။ ၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။ ၇။ သူများအားမကိုးတတ်ဘူး အကူအညီယူပြီးရင်လည်းကျေးဇူးဆပ်ဖို့မမေ့တတ်ဘူး။ ၈။ လူချစ်လူခင်ပေါသလို မနာလိုသူလည်းပေါများတယ်။ ၉။ ရည်ရွယ်ချက်ကြီးတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။ ၁၀။ ပေးကမ်းလိုစိတ်ရှိတယ်။ မရှိ ရှိတာ လှူ ဒါန်းတတ်တယ်။ Credit: loveshopUnicode

ဘယ်တော့မှဖောက်ပြန်မှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ(၅)ခု

Image
မိန်းကလေးတစ်ယောက်က သင့်ကို တကယ်ချစ်မိသွားပြီဆိုရင် သစ္စာဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသားပါ။ တကယ်လို့ သင့်ချစ်သူဟာ အခုဖော်ပြပေးတဲ့ အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သင့်အပေါ် အရမ်းသစ္စာရှိပြီး ဘယ်တော့မှ ဖောက်ပြန်မှာမဟုတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်းကံကောင်းပါတယ်။ (၁) ရည်းစားရှိတာကို ယောက်ျားလေးတွေရှေ့မှာ ဖုံးကွယ်မထားဘူး သူများတွေ၊ အထူးသဖြင့် ယောက်ျားလေးတွေက သူ့ကို ရည်းစားရှိလားလို့ မေးတဲ့အခါမျိုးမှာ ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့အပြင် ဘယ်သူဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့သူပါ။ ဒီလိုပြောလိုက်ခြင်းဖြင့် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့အပြင် သူ့ကို တခြားကောင်လေးတွေ မကြိုက်တော့မှာမှန်း သူကောင်းကောင်း သိပါတယ်။ ဒါကြောင့် သင့်ချစ်သူက သင်နဲ့ သူရဲ့ပတ်သက်မှုကို အခြားယောက်ျားလေးတွေရှေ့မှာ ဘယ်တော့မှ မဖုံးကွယ်ဘူးဆိုရင် သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကို သဘောပေါက်လိုက်ပါ။ (၂) သင့်ကိုလျှို့ဝှက်ထားတာမရှိဘူး သင့်ချစ်သူဟာ သင့်ကို ဘာမှလျှို့ဝှက်ထားမှာ မဟုတ်ပါဘူး။ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေးကိစ္စတွေကအစ သင့်ကိုတိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး...

လက်မလွှတ်ပါစေနဲ့ ဖမ်းသာ ဆွဲထားလိုက်ပါ…။

Image
သစ္စာရှိသောသူများဟာ လူတစ်ယောက်ကို အပြစ်မရှိပဲစွန့် ခွာသွားလေ့မရှိပါဘူး ။ကြောင်းအမျိုးမျိုးကြောင့် စွန့် လွှတ်ခဲ့ရရင်တောင် အချိန်ကြာသည်အထိ ရင်ထဲမှာတော့ မစွန့် လွှတ်တတ် ကြပါဘူး ။ သစ္စာဖောက်ခြင်း ခံလိုက်ရ ရင်လည်းရရှိလိုက်တဲ့ ရင်ထဲက ဒဏ်ရာကြောင့် အချိန်ကြာသည့်တိုင်ဝေဒနာတွေရဲ့ နှိပ်စက်ခြင်းဒဏ်ခံနေ ကြရရှာပါတယ် ။ ကတိတည်သောသူတွေဟာ လူတစ်ယောက်ကိုအလွယ်တကူ ကတိပျက်လေ့ မရှိကြသလို အကြောင်းတစ်ခုခု ကြောင့် ကတိပျက်သွားခဲ့ရရင် စိတ်ထဲမှာ တနှံ့ နှံ့ နဲ့ ခေါင်းထဲက ထုတ်မရကြတော့ သလို အပြစ်တစ်ခုအဖြင့်နဲ့ နောင်တတွေရနေတတ်ပါတယ် ။ ကတိ ပျက်ခြင်းခံလိုက်ရရင်လည်း သူတို့ အတွက် သေရာပါမှတ်ထားတတ်တဲ့ အကြောင်းအရာတွေပါ ။ သံယောဇဉ်ကြီးသူတွေဟာ လူတစ်ယောက်ကို တော်တန်ရုံ အပြစ်မပြောနဲ့  အဆိုးဆုံးတွေခံစားနေရတာတောင် ခံနိုင်ရည် အတိုင်းအတာ မကျော်လွန်သရွေ့ သည်းခံတွယ်ကပ်နေတတ်ကြပါတယ် ။ သူတို့ သည်းခံမှုတရား ကျော်လွန်သွားရင် သေတောင်လှည့် ကြည့်လိမ့်မယ် မထင်နဲ့ ရင်ထဲကပဲ ကျိတ်ခံစားနေတတ်တယ ဒီလိုလူအမျိုးစား သုံးမျိုးအပေါ် လှည့်စားဖို့ မကြိုးစားပါနဲ့  ကိုယ်ချင်းစာစိတ်ရှိပေးကြပါ ။ အဲ့ဒီလိုလူတွေဟာ လိုအပ်ရင် သူတို့ အသက်ပါပေးနိုင်တဲ့ လူအမျိုးအစားတွေ ။ သ...

အစာအိမ်ရောဂါအတွက်ဆေးမြီးတို

Image
လမ်းညွန်ပေးတာပါ။ အစာအိမ်ရောဂါအတွက်ဆေးမြီးတို ======================== ၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား ၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား ၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍ ၄။ပျားရည်စစ်စစ် (၂၀)ကျပ်သား ၅။ရှောက်ရည် (၂၀)ကျပ်သားတို့နှင့် သမအောင်နာနာမွှေပေးပြီး အလုံးသေးသေးများလုံးထားရမည်။ အရိပ်အောက်မှာ အခြောက်ခံပါ။*** တစ်နေ့သုံးလုံးသုံးကြိမ်၊ အစာမစားမှီကြိုတင်စားပါ။ ဆေးစားပြီးတစ်ပတ်အတွင်း အစာအိမ်ရောဂါ နှင့် ဗိုက်နာဗိုက်အောင့် ၊ အကြောတက်ဝေဒနာများပါ သိသိသာသာထူးခြား၍ သက်သာပျောက်ကင်းစေပါသည်။ အစာအိမ်ဝေဒနာရှင်သည်ဆီးမှန်ဝမ်းမှန်သွေးလေမှန်လာသည့်အတွက်နာကျင်ခံခက်သော အစာအိမ်ရောဂါ အတွက်နှင့်စိတ်မဆင်းရဲစေရတော့ပါ။ မိရိုးဖလာဆေးနည်းဖြစ်၍ ယုံယုံကြည်ကြည်သုံးစွဲနိုင်ပါ ကြောင်းသတင်းကောင်းမျှဝေ၍ ဆေးဒါနအလှူတော်ကြီးပြုလိုက်ပါသည်။ သတ္တဝါအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။ လူတိုင်းသက်တမ်းစေ့နေနိုင်ကြပါစေ။ Original writer - Ashin Mingala    #အထွေထွေဗဟုသုတ

ကင်ဆာဆဲလ် များကို ၄၈နာရီ အတွင်း သတ်ပစ် နိုင်သည့် ဒန်ဒလီယွန်ပင် အမြစ်

Image
ကင်ဆာဆဲလ် များကို ၄၈နာရီ အတွင်း သတ်ပစ် နိုင်သည့် ဒန်ဒလီယွန်ပင် အမြစ် ဒန်ဒလီယွန်ပင် အမြစ် က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်(ဒေစီပန်း) ဟု၍လည်း ခေါ်ကြသည်။ ဒန်ဒလီယွန် (dandelion) လက်ဖက် မှာ ကင်ဆာဆဲလ် များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ် များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါ ကုသ နိုင်သည့် အာနိသင် အမြောက်အများ ရှိပါသည်​။ အပင် များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။ ဒန်ဒလီယွန်ပင် အမြစ် က ကင်ဆာဆဲလ် များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်အဘိုးအဖွား များက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန် ပန်းပွင့် များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်ဆာ ရောဂါသည် များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။ ကင်ဆာဆဲ အားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင် ၏ အမြစ် မှာ ဓာတုကုထုံး ထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံ မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့အပြင် ဆီးရွှင်သည့် အာနိသင် လည်းရှိပြီး၊ သည...

အရမ်း တန်​ဖိုး ရှိတဲ့ ဆေးမြီးတို မှတ်စု​ လေးမို့ လိုအပ်​တဲ့အချိန်​ သုံးလို့ရ​အောင်​ ရှယ်​ပြီး သိမ်းထား​စေချင်ပါတယ်

Image
အရမ်း တန်​ဖိုး ရှိတဲ့ ဆေးမြီးတို မှတ်စု​ လေးမို့ လိုအပ်​တဲ့အချိန်​ သုံးလို့ရ​အောင်​ ရှယ်​ပြီး သိမ်းထား​စေချင်ပါတယ်..။ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ အရမ်း တန်​ဖိုး ရှိတဲ့ ဆေးမြီးတို မှတ်စု​လေး မဖတ်​အား​သေးရင်​လည်း လိုအပ်​တဲ့အချိန်​ သုံးလို့ရ​အောင်​ ရှယ်​ပြီးသိမ်းထား​နော် ​ ၁။ သွေးတိုး လို့  သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ( ၁၅ ) မိနစ်ခန့် ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥ တစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူး သောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။ ၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြား တို့ တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့် ကျွဲမြစ်ကိုပြုတ်၍ သကြား အနည်းငယ်ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။ ၄။ ပန်းသေပန်းညှိုး ရောဂါ ဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့် ပြုပြီး ပျားရည်နှင့်သောက်ပါ။ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။ ၅။ အမျိုးသမီ...

ဈေးကွက်​ထဲတိုးတိုးတိတ်​တိတ်​​ရောက်​သွားသည့်​အသားများ

Image
ဈေးကွက်​ထဲတိုးတိုးတိတ်​တိတ်​​ရောက်​သွားသည့်​အသားများ ****************************************** လမ်းလျှောက်နေကျ ပျဉ်းမနားမြို့က ငလိုက် ချောင်းဘေးရောက်တော့အနံ့တမျိုးရလို့ကျောက်စီနံရံပေါ်ကိုငုံ့ကြည့်လိုက်တယ်… အို… ဖြစ်ရလေတယ်.. ခေါင်းချန်ပြီးအသားတွေခွာယူထားတဲ့ ခွေး ၆ ကောင်ရဲ့အရိုးစုတွေ အပုံလိုက်… အသားတွေကတော့ ဒီနေ့ဈေးထဲအရောက် ဆိတ်သား ဖြစ်မလား ဆိတ်သားခြောက်ကြော်ဖြစ်မလား အမဲသားဖြစ်မလား အမဲနှပ်ဟင်းမဆလာသင်းသင်းဖြစ်မလား ဝမ်းတွင်းသားဟင်းလေးဖြစ်မလား ဆင်ခြင်သာစားကြတော့… ဝိသမတွေပေါများကြတာ… အပစ်တင်ရရင်တော့ လူတွေရဲ့ ယိုယွင်းနေတဲ့ Ethics တွေကိုပါဘဲ… #Aung Aye ဟိုးအရင်​တစ်​ခ်​တုန်းကလည်း စင်္ကာပူမှာမိတယ်​။ ​ခွေးသားကို ဒုတ်​ထိုးအသားကင်​ဆိုပြီး လုပ်​​ရောင်းတယ်​။ အကင်​​တွေဆိုင်​​တွေနဲ့ အကင်​တွန်းလှည်း​တွေ​ပေါတဲ့ ည​နေခင်း အကင်​​ရောင်းတဲ့သူ​တွေဆီ ​ခွေးသားမပါဘူးလို့ဘယ်​သူ​ပြောနိုင်​လဲ၊ဘယ်​နှစ်​ခါစားခဲ့ပြီ လည်းဘယ်​သူသိနိုင်​လို့လဲ။ သာစည်​ဘက်​မှာလည်း ဆတ်​သား​ခြောက်​လုပ်​ငန်းဆိုပြီး မဟုတ်​မဟတ်​တဲ့အသား​တွေနဲ့၊မသန့်​မရှင်းနည်း​တွေနဲ့၊ဓာတု​ဘေဒ​ဆေး​တွေနဲ့ထုတ်​လုပ်​ ဖြန့်​ဖြူး​နေတာ စည်​ပင်​တစ...

အစာအိမ်ကင်ဆာ မဖြစ်အောင် ဘာတွေစားပြီး ဘာတွေ မစားသင့်ဘူးလဲ

Image
အစာအိမ်ကင်ဆာ မဖြစ်အောင် ဘာတွေစားပြီး ဘာတွေ မစားသင့်ဘူးလဲ ​နေ့စဉ် အစားအစာ စားသုံးမှုကို ဂရုစိုက်ခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ အစာအိမ်ကင်ဆာဟာ လူသေဆုံးမှု အများဆုံးစာရင်းဝင် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း အချက်အလက်များအရ နှစ်စဉ် လူပေါင်းတစ်သန်းဟာ အစာအိမ်ကင်ဆာကြောင့် သေဆုံးနေပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားနေမှုကို အလွယ်တကူ စောစီးစွာသိနိုင်မှု နည်းပါးပါတယ်။ ရောဂါလက္ခဏာ ပြသမှု အနေအထားနဲ့ ပြင်ပမှ ဓာတ်မှန်ရိုက် သိရှိနိုင်မှု မရှိခြင်းတို့ကြောင့် အစာအိမ်ကင်ဆာ ဖြစ်နေကြောင်း အလွယ်တကူ မသိနိုင်ပါဘူး။ နေ့စဉ် အစားအစာ စားသုံးမှုကို ဂရုစိုက်ခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမရှိအောင် စားသင့် မစားသင့် အစားအစာအချို့ကို ဖော်ပြထားပါတယ်။ ၁။ Beta-Carotene နှင့် Vitamin A ပါဝင်တဲ့ အစားအစာများ သုတေသနတစ်ခုအရ Beta-Carotene နဲ့ Vitamin A ပါဝင်တဲ့ အစားအစာတွေက အစာအိမ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကိုက်လန်ကဲ့သို့ အစားအစာတွေက Beta-Carotene နဲ့ Vitamin A ပြည့်ဝစွာ ပါဝင်ပါတယ်။ ၂။ အသားလျှော့စား...

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

Image
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။ ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။ သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့ သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။ ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု ချီးကျူးသြဘာ ထောမနာပြုရသေ...

သင့်ရဲ့ ကျောက်ကပ် အခြေအနေမကောင်းတော့ဘူးဆိုတာကို သိနိုင်တဲ့ အချက် ၇ ချက်

Image
သင့်ရဲ့ ကျောက်ကပ် အခြေအနေမကောင်းတော့ဘူးဆိုတာကို သိနိုင်တဲ့ အချက် ၇ ချက် ၁။ ပုံမှန်မဟုတ်တဲ့ အနီပြင်တွေနဲ့ ယားယံခြင်း ပုံမှန်အလုပ်လုပ်နေတဲ့ ကျောက်ကပ်ဟာ သွေးထဲကနေ မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်ပြီး အာဟာရပြည့်ဝတဲ့ ဓာတ်တွေကိုပဲ သွေးထဲမှာ လည်ပတ်စေပါတယ်။ တကယ်လို့ ဒီလိုသမမျှတတဲ့လည်ပတ်မှု မရှိတဲ့အခါမှာ သင့်ရဲ့ အရေပြားပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါဟာ စွန့် ပစ်ရမယ့်အရာတွေကို ဆီးကနေတစ်ဆင့် မ စွန့် ထုတ်လို့ သင့်အရေပြားမှာ လာပုံတာ ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းလို့  ယားယံတာတွေ၊ အနီကွက်ဖြစ်တာတွေဟာ အပေါ်ယံသက်သက်မဟုတ်ဘဲ ယား နာလိမ်းဆေးတွေသုံးရင်လည်း ထင်သလောက် ထိရောက်မှုရှိမနေပါဘူး။ ၂။ ပါးစပ်ထဲမှာ သတ္တုအရသာမျိုး ခံစားရမယ် အဆိပ်အတောက်တွေကို ကျောက်ကပ်က ကောင်းစွာ မစွန့် ထုတ်နိုင်တဲ့အခါ သင့်ပါး စပ်မှာ သတ္တုအရသာတစ်မျိုး ခံစားရမှာ ဖြစ်သလို သင့်ခံတွင်းမှာလည်း အနံ့ ဆိုး တွေထွက်လာမှာဖြစ်ပါတယ်။ တချို့ လူနာတွေပြောတာကတော့ အစားအစာ တွေကအစ သတ္တုအရသာပဲရနေတယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ကောင်းမွန် တုန်းကလိုမျိုး အစားစားလို့ မကောင်းတော့ဘူးလို့ လည်း တချို့လူနာတွေက ပြော ကြပါတယ်။ ဒါကိုသင်က ခံတွင်းနံ့ မကောင်းလို့ ဖြစ်တာလ...

သေခါနီးဖြစ်​တဲ့ စိတ်

Image
《အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ》 ■ သေခါနီး ဖြစ် တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာ သုဂတိ ကို ချက်ချင်း အကျိုးပေး နိုင်ပါတယ် ။ ဒီအကြောင်း တရား ကိုမြတ်စွာ ဘုရားရှင်က ယခု လိုဟောကြား ခဲ့ပါတယ် ။ နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေ ကိုခြံထဲသွင်း တဲ့အခါမှာ နွားပျို နွားပေါက်စ လေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။ ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ .. နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ … ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။ နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန် မှာတော့ နွားအိုကြီး တွေကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ် တဲ့ အခါမှာ တော့ ခြံဝမှာ အိပ်နေ တဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် ။ နွားပျို နွားငယ် တွေက တော့ နောက်ဆုံး မှပဲထွက် ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့ အချိန်မှာ ဖြစ် တဲ့ စိတ်ဟာ အရင်ဆုံး အကျိုးပေး ပါတယ် လို့ မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါတယ် ။ ၀ိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ် ဘ၀လုံး...