လက်မလွှတ်ပါစေနဲ့ ဖမ်းသာ ဆွဲထားလိုက်ပါ…။

သစ္စာရှိသောသူများဟာ လူတစ်ယောက်ကို အပြစ်မရှိပဲစွန့် ခွာသွားလေ့မရှိပါဘူး ။ကြောင်းအမျိုးမျိုးကြောင့် စွန့် လွှတ်ခဲ့ရရင်တောင် အချိန်ကြာသည်အထိ ရင်ထဲမှာတော့ မစွန့် လွှတ်တတ် ကြပါဘူး ။ သစ္စာဖောက်ခြင်း ခံလိုက်ရ ရင်လည်းရရှိလိုက်တဲ့ ရင်ထဲက ဒဏ်ရာကြောင့် အချိန်ကြာသည့်တိုင်ဝေဒနာတွေရဲ့ နှိပ်စက်ခြင်းဒဏ်ခံနေ ကြရရှာပါတယ် ။ ကတိတည်သောသူတွေဟာ လူတစ်ယောက်ကိုအလွယ်တကူ ကတိပျက်လေ့ မရှိကြသလို အကြောင်းတစ်ခုခု ကြောင့် ကတိပျက်သွားခဲ့ရရင် စိတ်ထဲမှာ တနှံ့ နှံ့ နဲ့ ခေါင်းထဲက ထုတ်မရကြတော့ သလို အပြစ်တစ်ခုအဖြင့်နဲ့ နောင်တတွေရနေတတ်ပါတယ် ။ ကတိ ပျက်ခြင်းခံလိုက်ရရင်လည်း သူတို့ အတွက် သေရာပါမှတ်ထားတတ်တဲ့ အကြောင်းအရာတွေပါ ။ သံယောဇဉ်ကြီးသူတွေဟာ လူတစ်ယောက်ကို တော်တန်ရုံ အပြစ်မပြောနဲ့  အဆိုးဆုံးတွေခံစားနေရတာတောင် ခံနိုင်ရည် အတိုင်းအတာ မကျော်လွန်သရွေ့ သည်းခံတွယ်ကပ်နေတတ်ကြပါတယ် ။ သူတို့ သည်းခံမှုတရား ကျော်လွန်သွားရင် သေတောင်လှည့် ကြည့်လိမ့်မယ် မထင်နဲ့ ရင်ထဲကပဲ ကျိတ်ခံစားနေတတ်တယ ဒီလိုလူအမျိုးစား သုံးမျိုးအပေါ် လှည့်စားဖို့ မကြိုးစားပါနဲ့  ကိုယ်ချင်းစာစိတ်ရှိပေးကြပါ ။ အဲ့ဒီလိုလူတွေဟာ လိုအပ်ရင် သူတို့ အသက်ပါပေးနိုင်တဲ့ လူအမျိုးအစားတွေ ။ သနားဖို့ ကောင်းသလို ကြောက်ဖို့ လည်း အလွန်ကောင်းပါတယ်။ ကိုယ့်အနားမှာ ဒီလိုလူမျိုးတွေရှိနေရင် လက်မလွှတ်စေပါနဲ့ ဖမ်းဆွဲထားပါ ။ ကိုယ့်ဘဝမှာ အနစ်နာခံသူဆိုတာရှားပါတယ် ။ ပေဆပ်လိုသူတွေရှားပါတယ်။အနိုင်လိုသူတွေကျပေါများတယ်။ချနင်းလိုသူတွေကအများသား။ ဒါကြောင့် ကိုယ့်အပေါ် သစ္စာရှိတဲ့သူ ၊ သယောဇဉ်ကြီးတဲ့သူ ၊ကတိတည်တဲ့ သူတွေ ရဲ့ အပြစ်နည်းနည်းရှိလာရင်တောင်နားလည်မှုပေးပြီး ဘဝခရီးကို အတူလျှောက်ကြပါ ။ credit – MayNoe

Comments

Popular posts from this blog

မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါသင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..