မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ် လျှော်သင့်လဲ

မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ်လျှော်သင့်လဲ ==================================================
ကျွန်မကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ် မတ်ဆေ့ခ်ျ(Facebook message/messenger) မှနေပြီး စာဖတ်ပရိတ်သတ် များက သူတို့ သိလိုသော မေးခွန်းလေးတွေကို မေးလာကြပါတယ်။ ကျွန်မက ပြန်ဖြေပေးရင်း တခြားတခြားသော စာဖတ် ပရိတ်များ အားလုံးကိုလည်း ကျန်းမာသုတရစေလိုသော စိတ်စေတနာဖြင့် “ FB messenger မှ ကျန်းမာရေး အမေးအဖြေ ကဏ္ဍလေးများ ” အဖြစ် မျှဝေ ဖေါ်ပြပေးလိုက်ရပါတယ်ရှင့်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့ နယ်တွင် နေထိုင်သော မနှင်းပွင့် (အသက် ၂၆ နှစ်) က " အန်တီ မင်္ဂလာပါ။ အန်တီ က ဆောင်းပါးတွေရေးတော့ သမီး မသိတာလေးတွေ မေးချင်လို့ဖြေပေးပါ။ သမီးက ဆံပင်ကောင်းတယ် ရှည်တယ်။ အစကတော့ တစ်ပတ် တစ်ခါ လျှော်ဖြစ်တယ်။ အခုတော့ဆံပင်လည်း သိပ်မရှည်တော့ဘူး။ မိန်းကလေးတစ်ယောက် အနေနဲ့ တစ်ပတ်ကို ခေါင်း ဘယ်နှစ်ခါလောက် လျှော်သင့်လဲ။ သမီးက အအေး ခဏ ခဏ ပက်တတ်တယ်။ တစ်ပတ် တစ်ခါ ကျတော့လည်း ခေါင်းဇက်ကြောနေရာက အကြောထိုးလို့ ကျေးဇူးပြုပြီး ဖြေပေးပါနော် ” တဲ့။ မင်္ဂလာပါကွယ်။ တကိုယ်ရည်သန့် ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အခု ညီမလေး မေးထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ တစ်ပတ်ကို ခေါင်းဘယ်နကြိမ် လျှော်သင့်လဲ ? ဆိုတဲ့ မေးခွန်းကို မဖြေခင် အအေးမပက်အောင် ခေါင်းလျှော်နည်းကို ဦးစွာဖြေပေးပါ့မယ်။ မိုးရာသီ နဲ့ ဆောင်းရာသီတွေမှာ ခေါင်းလျှော်ခြင်းက လူကို အ အေးပတ်နိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အုံကောင်းသူတွေ၊ ဆံပင်ထူသူတွေက နောက်စေ့(ဦးခေါင်းအောက်ခြေ၏ အနောက်ဖ က်)တ၀ိုက်မှာ အုံပြီးကိုက်ခဲနေတတ်တာမျိုးပါ။ မမ ကလည်း ညီမလေးလိုဘဲ ဆံပင်ထူ ဆံပင်ရှည်သူဖြစ်လို့ ၊ အလားတူ နောက် စေ့က အုံပြီးကိုက်ခဲတတ်ပါ။ အဲဒီလို မဖြစ်ရအောင် မမရဲ့ ခေါင်းလျှော်နည်းကို အောက်ပါအတိုင်း မျှဝေပေးပါ့မယ်။ • မမ ကခေါင်းကို ရက်သတ္တ တစ်ပတ်ကို တစ်ကြိမ် (တနင်္ဂနွေနေ့ )ဘဲ လျှော်ပါတယ်။ (နွေခေါင်ခေါင် ပူပြင်းတဲ့ ရာသီတွေ မှာတော့ ချွေးထွက်တဲ့ အခြေအနေပ်ါမူတည်ပြီး တစ်ကိုယ်ရေသန့် ရှင်းမှုအရ တစ်ပတ်ကို နှစ်ကြိမ်လျှော်ဖြစ်ပါတယ်) • ဦးစွာ တစ်ခေါင်းလုံး အနှံ့ က ဆံပင်တွေ စိုသွားအောင် ရေလောင်းချပါတယ်။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည် Shampoo နဲ့  ဦးရေပြားရော ဆံသားတွေအနှံ့ ကုတ်၍-ပွတ်၍-နှိပ်နယ်၍ သော်လည်းကောင်း လျှော်ပါတယ်။ • အားရပါးရ ပွတ်နယ်ပြီးတဲ့အခါမှာ လက်ခုံထဲကို ရေနည်းနည်းစီထဲ့၍ ငယ်ထိပ်၏အနောက်ဖက်ပေါ်သို့  လက်ခုံထဲက ထိုရေကို လောင်းပါတယ်။ ခေါင်းလျှော်ရည်နဲ့  ချေး(ဂျီး)ရည်တွေကို လက်နဲု့ ဆုပ်၍ညှစ်ချပါတယ်။ (မျက်စိထဲကို ခေါင်း လျှော်ရည် မ၀င်အောင်လို့  ယခုလို ငယ်ထိပ်အနောက်ဖက်ပေါ်ကနေ ရေနဲ့ ညှစ်ချခြင်းဖြစ်ပါတယ်) • အထက်ပါနည်းအတိုင်း ၂ ခါ ၃ ခါ လောက်လုပ်ပြီးတဲ့အခါ နောက်ထပ် Shampoo ဖြင့် တစ်ခေါင်းလုံး အနှံ့  ဒုတိယ အကြိမ် ပွတ်ပါတယ်။ (မမ က တစ်ပတ်မှာ တစ်ကြိမ်သာလျှင် ခေါင်းလျှော်တာကြောင့် ဦးရေပြားနဲ့ ဆံသားပေါ်က ချေး ညှော်တွေ လုံးဝသန့် စင်စေဖို့ အတွက် Shampoo ဖြင့် နှစ်ခါ လျှော်ပေးခြင်းဖြစ်ပါတယ်)ဒါပေမယ့် ဒီ ဒုတိယအကြိမ် မှာတော့ Shampoo ကို နည်းနည်းသာ သုံးပါတယ်။ • အဲဒီလို လုပ်ပြီးတဲ့အခါမှာ Shampoo ကို နှပ်(နှူး)ထားတဲ့ အနေဖြင့် ရေချက်ချင်းလောင်းမချသေးဘဲ၊ မိမိတစ်ပတ်စာ သုံးခဲ့တဲ့ ဘီး၊ ဘီးကုပ် ဆံညှပ် တို့ ကို သွားတိုက်တံ(သွားပွတ်တံ) အဟောင်းဖြင့် ပွတ်တိုက်၍ ဆေးကြောသန့် စင်ပါ တယ်။ • ပြီးရင် ခေါင်းလျှော်ရည်ကို ညှစ်ချကာ၊ ရေများများဖြင့် စင်အောင် လျှော်ချပစ်ပါတယ်။ (မမ က Shampoo အမွှေးနံ့ တွေ ပျောက်တဲ့ အထိ ရေများများနဲ့  ဆေးကြောပါတယ်။ အကယ်၍ ဆံပင်မှာ Shampoo တွေ ကျန်နေတဲ့အခါ ဦးရေပြားနဲ့  ဆံသားကို ထိခိုက်စေပါတယ်၊ ဒါ့ပြင် နောက်တစ်ပတ် တနင်္ဂနွေထိ မခံတော့ဘဲ ၄င်း Shampoo အနံ့ နှင့် ဦးခေါင်း ကထွက်လာတဲ့ ချွေး-အဆီနံ့ တွေ ဓာတ်ပြုပြီး ခေါင်းကို အနံ့ ဆိုးထွက်စေတတ်ပါတယ်) • စိတ်ကြိုက် သန့် စင်ပြီးတဲ့အခါမှာတော့ ဆံပင်သုပ်တဲ့ မျက်နှာသုပ်ပါဝါကြီးနဲ့  တခေါင်းလုံးက ရေတွေကို ပွတ်ပါတယ်။ အထူးသဖြင့် နောက်စေ့ကို မျက်နှာသုပ်ပါဝါကြီးနဲ့  ခပ်ကြာကြာပွတ်ပါတယ် (က) ခေါင်းလျှော်တဲ့ မျက်နှာသုပ်ပုဝါ နဲ့  (ခ) မျက်နှာ နှင့် ခန္ဓာကိုယ်အတွက် ပုံမှန်ရေသုပ်တဲ့ မျက်နှာသုပ်ပုဝါဆိုပြီး ၂ မျိုးခွဲခြားသုံးစွဲပါတယ်။ အဲဒီလို ခွဲခြားသုံး စွဲခြင်း က ၀က်ခြံမပေါက်စေအောင် ကြိုတင်ကာကွယ်လိုက်တာပေါ့နော်။ • ပြီးရင် မျက်နှာသုပ်ပါဝါကြီးနဲ့ တစ်ခေါင်းလုံးကို ပေါင်းထားပြီး သနပ်ခါးလိမ်းပါတယ်။ • ပြီးရင် မျက်နှာသုပ်ပါဝါကြီးကို ဖယ်လိုက်ပြီးတော့၊ ဆံပင်သွေ့ ခြောက်စေတဲ့ Hair Dryer (လေမှုတ်စက်)ဖြင့် နောက်စေ့ ကို လေမှုတ်ပါတယ်။ (က) ငယ်ထိပ်နဲ့ ဂျိုစောင်းက ဆံသားတွေက သိပ်မကြာခင်မှာ သူ့ အလိုလို ရေခြောက်သွား လေ့ရှိတာမို့  အဲဒီနေရာတွေကိုတော့ Dryer မမှုတ်ပါဘူး (ခ) နောက်စေ့ဖက်က ဆံသားတွေက တော်တော်နဲ့ မခြောက် တတ်တာကြောင့် အအေးပတ် ခေါင်းမကိုက်စေဖို့ အတွက် အဲဒီ နောက်စေ့နေရာကို Dryer မှုတ်ပါတယ် (ဂ) Dryer ပူလွန်းရင် ဆံသားတွေကို ထိခိုက်စေတဲ့အပြင်၊ ရေလျှော်ထားလို့  အေးနေတဲ့ နေရာကို အပူပြင်းပြင်း တိုက်မိတဲ့အခါ အပူအအေး ရုတ်ချည်းထိတွေ့ သွားကာ ဓာတ်ဖောက်ပြန်ပြီး ကျန်းမာရေးနဲ့  မညီညွတ်စေတော့ပါဘူး။ ဒါကြောင့် Dryer အပူကို medium ခလုတ်သာထား၍ သုံးပါတယ်။ (ဃ) မမက ဆံသားတွေ လုံးဝ ခြောက်သွေ့ သွားတဲ့အထိ Dryer မှုတ်လေ့ မရှိပါဘူး၊ သို့ သော် ဦးရေပြားနဲ့ နောက်စေ့က ဆံသားတွေ ကို လက်နဲ့ စမ်းကြည့်တဲ့အခါ တော်တော်လေးနွေး လာတဲ့အထိ Dryer မှုတ်ပါတယ်။ • ပြီးရင် Hair Coat အနည်းငယ်ကို လက်ဖ၀ါးပေါ်ပွတ်ပြီးတော့ ဆံသားတွေကို လူးနယ်လိုက်ပါတယ်။ ဘီးသန့် သန့် နဲ့  ဆံနွယ်တွေကို ခပ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပါတယ်။ ညီမလေးရေ မမရဲ့ ခေါင်းလျှော်နည်းကတော့ ဒီနေရာမှာ နိတ္တိတန်ပါပြီ။ တစ်ကိုယ်ရေ သန့် ရှင်းမှုအနေနဲ့  ခေါင်းအုံးစွပ်တွေကို တစ် ပတ်တစ်ကြိမ် အသစ်လဲပါတယ်။ စောစောက သုံးထားတဲ့ ဆံပင်သုပ်တဲ့ မျက်နှာသုပ်ပါဝါကြီးကိုလည်း လျှော်ပါတယ်။ ကိုယ် တိုက်မျက်နှာသုပ်ပုဝါကိုလည်း တစ်ပတ်တစ်ကြိမ် လျှော်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ် လျှော်သင့်လဲ ? ဆိုတဲ့ မေးခွန်းကို မမ ဖြေပါတော့မယ်။ လူတိုင်း မှာ မွေးရာပါ အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ၊ ဆံသားအမျိုးအစားလည်း ကွဲပြားခြားနားကြပါတယ်။(က) ကျန်းမာ သန်စွမ်းတဲ့ ဆံသား (ခ) ပုံမှန်(အလယ်အလတ်)ဆံသား (ဂ)ဆံသားအုံကောင်း(ဆံပင်ထူ) (ဃ)ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသားဆိုပြီးတော့ အခြေခံအားဖြင့် ဆံသား လေးမျိုးရှိပါတယ်။ အဲဒီလိုမတူညီတဲ့ ဆံသားအမျိုး အစားပေါ်မူတည်၍၊ ခေါင်း လျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ ကွာဟမှုရှိပါတယ် ညီမလေးရေ။ ၁။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်။ ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် daily use shampoo(ခေါ်)နေ့ စဉ်သုံးရှမ်ပူ အမျိုးအစားကိုသုံးသင့်ပါတယ်။ တစ်ရက်ခြား(သို့ )တစ်နေ့ တစ်ကြိမ် ခေါင်းလျှော်ပေးနိုင် ပါတယ်။ (အဆီပြန်တဲ့ ဆံပင်ကလည်း ကျန်းမာသန်စွမ်းတဲ့ ဆံသားအမျိုးအစားထဲမှာပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့ ဆံသား ပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့ စဉ် ခေါင်းလျှော်ပေးရမှာပါ) ၂။ ပုံမှန် ဆံသားပိုင်ရှင်များအတွက်။ သဘာဝဆံသား လို့ ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်းစွမ်းထဲ့ ဆံသားတွေလောက် အဆီ သိပ်မရှိတာကြောင့်၊ ရက်သတ္တတစ်ပတ်မှာ နှစ်ကြိမ်(သို့ )အများဆုံး သုံး ကြိမ် လျော်ရုံနှင့်လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ် ဆံသားတွေကို နေ့ စဉ်ခေါင်းလျှော်မိတဲ့အခါမှာ၊ ဦးရေပြား နှင့် ဆံသားများအဆီခမ်းခြောက် စေတတ်လို့  ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို၊ ဆံသားကြမ်းသူများ နှင့် ဆံပင် နှစ်ခွ ရှိသူများက Conditioner Shampoo ကို သုံးပေးဖို့ လိုပါတယ်) ၃။ ဆံသားအုံကောင်း(ဆံပင်ထူ)သူများအတွက်။ အမျိုးသမီးအများစု ပိုင်ဆိုင်တဲ့ဆံပင်အမျိုးအစားလေးပါဘဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက်လှိုင်းသား ပါရှိနေလို့  ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့  အလွယ်တကူ မပြန့် နှံ့ စေတဲ့ အတွက်ကြောင့် ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် သာ ခေါင်းလျှော် ပေးရုံမျှဖြင့်လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂)ကလို အလယ်အလတ် ဆံသား ပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုဘဲ သုံးနိုင်ပါတယ်) ၄။ ခြောက်သွေ့ (မွဲခြောက်ခြောက်)ဆံသားများအတွက။် ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့်ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာအဆီခမ်း၍ ဆံပင်မွဲခြောက်ကာ ဆံသား များ နှစ်ခွသုံးခွဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ရှိပါတယ်။ ဒါကြောင့် နေ့ စဉ် ခေါင်းမလျော်သင့်ပါဘူး။ Oily Shampoo တစ်မျိုး တည်းကိုသာ သုံးပါ(သို့ )ဓာတုပစ္စည်းတွေ ပါဝင်မှုနည်းတဲ့ ရှမ်ပူ ကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကို သုံးပေးပါ။ (အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး၊ ဆံသားခြောက် သွေ့ ကြမ်းထော်စေ လို့ ပါဘဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း(သို့ ) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်း ကိုသာသုံးစွဲပေးပါ) မှတ်ချက်။ (၁) မျက်စိကျန်းမာရေးအတွက်သာမက၊ ဘက်ပေါင်းစုံကျန်းမာဖို့ အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။ (၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ့ ခေါင်းမလျော်သင့်ပါဘူး။ မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကို ကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့ ၍ မာဆတ်ဆတ်ဖြစ်စေ နိုင်ပါတယ်။ (၃)ခေါင်းလျှော်ပြီးစမှာ နားကို အလွယ်တကူသန့် စင်နိုင်ပါတယ်၊ တစ်ခါသုံး နားကျပ်ဂွမ်းလုံးလေးတွေသုံး၍ နားထဲရှိ နဖာချေးကိုသန့်  စင် ပေးနိုင်ပါတယ်။ (၄) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံ ပင်ထိပ်ဖျားပိုင်းမှဖြီးပါ၊ ထို့ နောက် ဆံသာများကို အသာအယာ ဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေသို့  ဆွဲချ ဖြီးပါ။ (၅) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ်သာလျှော်ပေးသင့်ပါတယ်။ ထို့ ထက် အကြိမ်ရေ ပို လျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး၊ ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မယ်။ (၆) ဗောက်ထ၍ ဦးရေပြားယားယံ ခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်၊ ဒါကြောင့် ဦးခေါင်း သန့် စင်တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။ (၇) ဗောက်ထ၍ယားယံသော ဦးရေပြား များအတွက်ကတော့ itchy due to dandruff (သို့ ) itchy scalp anti dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။ ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကိုအတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ ပျော့ ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ(သို့ )smooth & silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။ (၈) ပလပ် စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာသုံးစွဲ သင့်ပါတယ်။ ကဲ…ညီမရေ။ ကျန်းမာလှပ လူနေမှုဘ၀ကို ထာဝစဉ်ပိုင်ဆိုင်နိုင်ပါစေလို့  မမ က ဆုတောင်းပေးလိုက်ပါတယ်ကွယ်။ ဆံပင်နဲ့  ပတ်သက်လို့  ဦးခေါင်းထိပ်ပြောင်ခြင်းကင်းဝေးနည်း၊ အရွယ်မတိုင်ခင် ဆံပင်မဖြူနည်း၊ ဆံသားနက်မှောင်သန်စွမ်းဆေးနည်း၊ ဆံပင်အနံ့ အသက်ကောင်းစေနည်း၊ ဗောက်ယားယံခြင်းအတွက် အိမ်တွင်းကုထုံးနည်း စတာတွေကို မမ ဆောင်းပါးတွေ ရေး ပေးထားပါသေးတယ်။ ညီမ အချိန်ရတဲ့အခါ၊ မမရဲ့  “ Promsie Pauk ” ဖေ့စ်ဘွတ် နဲ့  “ အလှအပ၊ ဖက်ရှင် နှင့် ကျမ္မာရေး ဆိုင်ရာ ဆောင်းပါးရှင် Promise Pauk ” ပေ့ခ်ျ(page) တို့ မှာ ၀င်ရောက်ဖတ်ရှုလိုက်ပါနော်။ (ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Comments

Popular posts from this blog

မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါသင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..