အစာအိမ်ရောဂါအတွက်ဆေးမြီးတို
လမ်းညွန်ပေးတာပါ။
အစာအိမ်ရောဂါအတွက်ဆေးမြီးတို
========================
၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား ၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား ၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍ ၄။ပျားရည်စစ်စစ် (၂၀)ကျပ်သား
၅။ရှောက်ရည် (၂၀)ကျပ်သားတို့နှင့် သမအောင်နာနာမွှေပေးပြီး အလုံးသေးသေးများလုံးထားရမည်။ အရိပ်အောက်မှာ အခြောက်ခံပါ။***
တစ်နေ့သုံးလုံးသုံးကြိမ်၊ အစာမစားမှီကြိုတင်စားပါ။ ဆေးစားပြီးတစ်ပတ်အတွင်း အစာအိမ်ရောဂါ နှင့် ဗိုက်နာဗိုက်အောင့် ၊ အကြောတက်ဝေဒနာများပါ သိသိသာသာထူးခြား၍ သက်သာပျောက်ကင်းစေပါသည်။ အစာအိမ်ဝေဒနာရှင်သည်ဆီးမှန်ဝမ်းမှန်သွေးလေမှန်လာသည့်အတွက်နာကျင်ခံခက်သော အစာအိမ်ရောဂါ အတွက်နှင့်စိတ်မဆင်းရဲစေရတော့ပါ။
မိရိုးဖလာဆေးနည်းဖြစ်၍ ယုံယုံကြည်ကြည်သုံးစွဲနိုင်ပါ ကြောင်းသတင်းကောင်းမျှဝေ၍ ဆေးဒါနအလှူတော်ကြီးပြုလိုက်ပါသည်။ သတ္တဝါအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။
လူတိုင်းသက်တမ်းစေ့နေနိုင်ကြပါစေ။
Original writer
- Ashin Mingala
#အထွေထွေဗဟုသုတ

Comments
Post a Comment