Posts

ဥမ္မာဒန္ဒီ ဘာလှူခဲ့လို့ လှတာလဲ

Image
ဗာရာနသီပြည်​ ဆင်းရဲမိသားစုမှ ​မွေးဖွားလာ​သောဆင်းရဲသူမ​လေးတစ်​​ယောက်​သည်တစ်နေ့ပွဲသဘင်​​နေ့မှာချမ်းသာကြွယ်ဝသော အမျိုးသမီး တွေ ၀တ်​ဆင်​​တဲ့ဝတ်​ပန်းဖြင့်​ ဆိုးအပ်​​သော အ၀တ်​ ကိုဝတ်​ဆင်​သည်​ကိုမြင်သောအခါ သူဆင်းရဲမ​လေးလည်းသူရဲ့မိဘ များကို ထို အဝတ် မျိုး ဝတ်ချင်​ကြောင်းကို ​​​မိဘ တို့အား​ပြော​သောအခါမိဘတွေက”သမီး အမေတို့အဖေတို့က ဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်ဆင်းရဲသူမလေးက” ဒီလိုဆိုရင် သမီး ကို ချမ်းသာတဲ့ အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေ သမီး ကို ခွင့်ပြုပါပေးပါ ” လို့ခွင့်တာင်းတဲ့အခါမိဘ​တွေက ခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ ချမ်းသာတဲ့ သူကြွယ်အိမ် တစ်အိမ်ကိုသွားပြီး အလုပ်တောင်းတယ်လုပ်ခကိုတော့ သူလိုချင်တဲ့ ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့ အဝတ် ပေးဖိုးတောင်းတဲ့အခါ အိမ်ရှင်သူဌေးက ” သုံးနှစ်တိတိ ငါတို့အိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တေ သင်လိုချင်တဲ့ အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲ လုပ်နှိုင်ပါ့မလား ”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်အလုပ်ကို ကြိုးစားရိုးသားစွာနဲ့ တာဝန်ကျေအောင်လုပ်တဲ့အခါ အိမ်ရှင်...

စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

Image
စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ သဘာဝ ပတ်ဝန်းကျင် အတွက် အကျိုးရှိရုံသာမက သင့် ကျန်းမာရေး ကိုပါ အထောက်အကူပြုတဲ့အပြင် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ ကယ်လိုရီ တွေကို လောင်ကျွမ်းစေတယ် စက်ဘီးစီး ခြင်း ဟာ ကယ်လိုရီ များစွာ လောင်ကျွမ်းစေပါတယ်။ကိုယ်အလေးချိန် ၁၅၅ပေါင်လောက်ရှိသူတယောက်အနေနဲ့ ပုံမှန်အရှိန်နဲ့ နာရီဝက်လောက် စက်ဘီးစီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ၂၆၀ ကယ်လိုရီ လောက် လောင်ကျွမ်းစေပါတယ်။ အကယ်၍ သင့် ကိုယ်အလေးချိန် ပိုများရင် ဒါမှမဟုတ် အရှိန်ပြင်းပြင်းနဲ့ ပိုပြီးအားစိုက်နင်းရင် ကယ်လိုရီ ပမာဏ ပိုလို့တောင် လောင်ကျွမ်းပါလိမ့်ဦးမယ်။ အဆစ်အမြစ် ထိခိုက်မှု ကို နည်းစေမယ် ရွရွပြေးတာ၊ဘောလုံးကန်တာအပါအဝင် ကိုယ်လက်လှုပ်ရှား အားကစား အများအပြားဟာ အဆစ်အမြစ် တွေကို ထိခိုက်စေနိုင်ပါတယ်။ဒါပေမယ့် စက်ဘီးစီး လေ့ကျင့်ခန်း လုပ်တာဟာ အဆစ်အမြစ်တွေအပေါ် ပြင်းပြင်းထန်ထန် မထိခိုက်စေ၊အားမစိုက်ရစေဘဲ နှလုံး ညှစ်အား ကို ပိုမိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ Cleveland Clinic ရဲ့ အဆိုအရ ပုံမှန်ရှိရမယ့် ကိုယ်အေ...

မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ် လျှော်သင့်လဲ

Image
မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ခေါင်းဘယ်နကြိမ်လျှော်သင့်လဲ ================================================== ကျွန်မကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ် မတ်ဆေ့ခ်ျ(Facebook message/messenger) မှနေပြီး စာဖတ်ပရိတ်သတ် များက သူတို့ သိလိုသော မေးခွန်းလေးတွေကို မေးလာကြပါတယ်။ ကျွန်မက ပြန်ဖြေပေးရင်း တခြားတခြားသော စာဖတ် ပရိတ်များ အားလုံးကိုလည်း ကျန်းမာသုတရစေလိုသော စိတ်စေတနာဖြင့် “ FB messenger မှ ကျန်းမာရေး အမေးအဖြေ ကဏ္ဍလေးများ ” အဖြစ် မျှဝေ ဖေါ်ပြပေးလိုက်ရပါတယ်ရှင့်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့ နယ်တွင် နေထိုင်သော မနှင်းပွင့် (အသက် ၂၆ နှစ်) က " အန်တီ မင်္ဂလာပါ။ အန်တီ က ဆောင်းပါးတွေရေးတော့ သမီး မသိတာလေးတွေ မေးချင်လို့ဖြေပေးပါ။ သမီးက ဆံပင်ကောင်းတယ် ရှည်တယ်။ အစကတော့ တစ်ပတ် တစ်ခါ လျှော်ဖြစ်တယ်။ အခုတော့ဆံပင်လည်း သိပ်မရှည်တော့ဘူး။ မိန်းကလေးတစ်ယောက် အနေနဲ့ တစ်ပတ်ကို ခေါင်း ဘယ်နှစ်ခါလောက် လျှော်သင့်လဲ။ သမီးက အအေး ခဏ ခဏ ပက်တတ်တယ်။ တစ်ပတ် တစ်ခါ ကျတော့လည်း ခေါင်းဇက်ကြောနေရာက အကြောထိုးလို့ ကျေးဇူးပြုပြီး ဖြေပေးပါနော် ” တဲ့။ မင်္ဂလာပါကွယ်။ တကိုယ်ရည်သန့် ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်...

မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

Image
မဟာ အဆိပ်ဖြေဆေး လယ်ကန်စွန်းရွက် ————– ၁.​သွေးကင်​ဆာ ၂.အသဲ ​ရောဂါ ၃.​ကျောက်​ကပ် ​​ရောဂါ ၄.ဆီး​ကျောက်​တည်​ ​ရောဂါ ၅.နှလုံး​သွေး​ကြောကျဉ်း ​ရောဂါ ၆.အ​မောအပန်း အဆုတ် ​​ရောဂါ ၇.​ဖောခြင်း ​ရောင်​ခြင်း​ရောဂါ ၈.ရင်​သားကင်​ဆာ ​ရောဂါ ၉.အရက်​​ကြောင်​ ​ဆေး​ကြောင်​ ​ရောဂါ စတဲ့ ရောဂါ များအတွက်​ လက်​​တွေ့ ​ပျောက်​ကင်း​သော နွယ်​မြက်​သစ်​ပင်​​ ဆေးနည်းများ ရှိပါသည်​။ ကျောက်ကပ် ရောင် ကျောက်တည် ဝေဒနာရှင်များအတွက် ဆေးနည်းလယ်ကန်စွန်းရိုးနီ ၁၅ ကျပ်သား၊ ထန်ဖိုဦးထန်းလျက် ၁၀ ကျပ်သားကို ရေ သုံးလီတာနဲ့ ရောကျိုပါ။ ကျိုတဲ့အခါ ပထမ ထန်းလျက်ခဲကို ရေတစ်လီတာနဲ့ ပျော်သွားအောင် ကျိုပါ။ ထန်းလျက်ခဲ ပျော်သွားရင် အမှိုက် ခဲ သဲ တွေကို စစ်ထုတ်ပစ်ပါ။ ထို စစ်ထုတ်ပြီးသား ထန်းလျက်ရေကို ဒန်အိုးထဲပြန်ထည့်ပြီးထန်းလျက်ရေ တက်လာတဲ့နေရာကို မှတ်ထားပြီး ကန်စွန်းရွက်ရိုးနီကို ခွေထည့်ပါ။ ပြီးတော့ ရေနှစ်လီတာ ထည့်ပါ။ ခရီးဆောင် တစ်ယောက်သုံး ရေသန့်ဘူးနဲ့ ခြင်ထည့်ရင် ရပါတယ်။ ပုံမှန် ကိုယ့်ဒေသမှာ သုံးစွဲတဲ့ရေက မငန်ရင် သုံးလို့ရပါတယ်။ ပုံမှန် မီးတောက် နဲ့ ကျိုပါ။ သုံးမိနစ်ရှိရင်အဖုံးဖွင်ြ့ပီးကျိုပါ။ ပထမ စကျိုတုန်းက မှတ်ထားတဲ့နေရာ ရေကျန်ပြီဆိ...

အဆီပြန်သော မျက်နှာ ကို ဘယ်လို ထိန်းသိမ်းမလဲ

Image
မျက်နှာ အဆီပြန်ရခြင်းဟာ မျက်နှာ အရေပြားက အဆီဂလင်းတွေရဲ့အားကောင်းသောကြောင့် ဖြစ်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေက အများအားဖြင့် ၀က်ခြံ၊ အမည်းစက်တွေ ရှိပြီး ချွေးပေါက်ကျယ် ကြပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ လေ၊ ရေနဲ့ ဖုန်မှုန့်တွေက အဆီပြန်တဲ့ အသားအရေ ကို အဖုအပိမ့်တွေ ထွက်စေပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေ အနေ နဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာ သိဖို့လိုပါတယ်။ ၁။ သန့်စင်ပေးပါ။ အဆီပြန်တာကို ထိန်းချုပ်ဖို့ နည်းလမ်းကတော့ မျက်နှာ ကို သေချာသန့်စင်ပြီး တစ်ချိန်လုံး သန့်သန့်ရှင်းရှင်း ထားတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာ ခဏခဏ သစ်လွန်းရင်လည်း မျက်နှာ အစိုဓာတ် မရှိတော့ဘဲ အသားအရေ ခြောက်သွေ့ သွားစေတတ်ပါတယ်။ အဆီ မပါဝင်တဲ့ မျက်နှာသစ် ဆပ်ပြာကို ရွေးချယ်ပါ။ မျက်နှာသစ် ဆပ်ပြာမှာ ဤပါဝင် ပစ္စည်းတွေ တစ်မျိုးထက် ပိုပြီးပါဝင်ပါစေ- Salicylic Acid,Tea tree oil, Neem,Tumeric, Honey. ၂။ ဂျီးချွတ် ပေးပါ။ ဂျီးချွတ် ပေးတာက အဆီပြန်တဲ့ မျက်နှာ အတွက် ကောင်းပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် လုပ်ဆောင်ပါ။ ဘာကြောင့်လဲ ဆိုတော့ မျက်နှာ ပေါ်က အဆီပိုတွေက အရေပြား ...

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း

Image
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ ÷÷÷ အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ÷÷÷ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ÷÷÷ အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ...

ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါသင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..

Image
“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့” ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ.. သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ.. သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ.. သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့.. သင့်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ.. သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး.. ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှမလိမ်ပါနဲ့.. အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ.. သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ.. သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ.. သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ.. သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ.. ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့မိတ်ဆက်ေ...