ဥမ္မာဒန္ဒီ ဘာလှူခဲ့လို့ လှတာလဲ
ဗာရာနသီပြည် ဆင်းရဲမိသားစုမှ မွေးဖွားလာသောဆင်းရဲသူမလေးတစ်ယောက်သည်တစ်နေ့ပွဲသဘင်နေ့မှာချမ်းသာကြွယ်ဝသော အမျိုးသမီး တွေ ၀တ်ဆင်တဲ့ဝတ်ပန်းဖြင့် ဆိုးအပ်သော အ၀တ် ကိုဝတ်ဆင်သည်ကိုမြင်သောအခါ သူဆင်းရဲမလေးလည်းသူရဲ့မိဘ များကို ထို အဝတ် မျိုး ဝတ်ချင်ကြောင်းကို မိဘ တို့အားပြောသောအခါမိဘတွေက”သမီး အမေတို့အဖေတို့က ဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်ဆင်းရဲသူမလေးက” ဒီလိုဆိုရင် သမီး ကို ချမ်းသာတဲ့ အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေ သမီး ကို ခွင့်ပြုပါပေးပါ ” လို့ခွင့်တာင်းတဲ့အခါမိဘတွေက ခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ ချမ်းသာတဲ့ သူကြွယ်အိမ် တစ်အိမ်ကိုသွားပြီး အလုပ်တောင်းတယ်လုပ်ခကိုတော့ သူလိုချင်တဲ့ ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့ အဝတ် ပေးဖိုးတောင်းတဲ့အခါ အိမ်ရှင်သူဌေးက ” သုံးနှစ်တိတိ ငါတို့အိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တေ သင်လိုချင်တဲ့ အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲ လုပ်နှိုင်ပါ့မလား ”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်အလုပ်ကို ကြိုးစားရိုးသားစွာနဲ့ တာဝန်ကျေအောင်လုပ်တဲ့အခါ အိမ်ရှင်...